| ‘‘ Fair Trade Sports ’’ |
|
သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် (FTS) အားကစားသုံး ဘောလုံးများ ရောင်းချသည့် စွန့်ဦးတီထွင်သူ Scott James ၏ Fair Trade Sports ကုမ္ပဏီမှာ အခွန်ဆောင်အပြီး ရရှိလာသည့် အမြတ်အစွန်းများနှင့် ပတ်သတ်ပြီး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများ ဖြစ်သည့် Room and Read နှင့် Boys & Girls ကဲ့သို့သော ဌာနများတွင် လှူဒါန်းလေ့ ရှိသူဖြစ်ကာ၎င်းပိုင်ဆိုင်သည့် သစ်သီးဝလံ ပန်းခြံအတွင်း မိသားစုနှင့် အချိန်ပေးရသည့် အချိန်များ ပြီးသည့် နောက်တွင် Green Festival ပွဲတော်များတွင် နေထိုင်ရသည့် အချိန်များမှာ ၎င်းအတွက် စံပြနေရာတစ်ခု ဖြစ်ကြောင်း ပြောကြားလိုက်ကာ Co-op American မိသားစုများနှင့် တွေ့ကြုံရခြင်းမှာလည်း ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်ကြောင်း ၎င်းတို့နှင့် မိတ်ဆွေဖြစ်ရသည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း Co-op America ၏ ဆွေးနွေးခန်းမ မတိုင်မီ ကြိုတင် ပြောကြားလိုက်သည်။
|
Q: |
ခင်းဗျားရဲ့ စီးပွားရေးလုပ်ငန်းက ဘာလုပ်ငန်းပါလဲ?
|
Ans: |
ကျွန်တော်တို့ စီးပွားရေးကတော့ ကမ္ဘာ့ပထမဆုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လက်မှတ်ရ အားကစား ဘောလုံး တွေဖြစ်တဲ့ ခြေကန်ဘော၊ အမေရိကန် football၊ ဘတ်စကတ်ဘော၊ ရပ်(ဂ်)ဘီဘော၊ ဘောလီဘောနဲ့ အခြားဘောလုံး တွေကို ထုတ်လုပ် ရောင်းချပြီး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းတွေအတွက် ၀င်ငွေ ရှာဖွေပေးနေတဲ့ လုပ်ငန်းတစ်ခုပါ။
|
Q: |
ဘာဖြစ်လို့ Fair Trade Sport ဟာ သဘာဝပတ်ဝန်းကျင် အစိမ်းရောင်အဖြစ် တင်စားနိုင်တာလဲ?
|
Ans: |
ဘောလုံးကို ခုံမင်စေတဲ့ အဓိကအရာဖြစ်တဲ့ အတွင်းပိုင်း လေအိတ်ဟာ ဘယ်အားကစား ဘောလုံး အမျိုးအစားမှာမဆို ဘောလုံးရဲ့ (၇၀) ရာနှုန်း အလေးချိန် ရှိပါတယ်။ အဲဒီ လေအိတ်တွေကို Latex ကြက်ပေါင်လို့ ခေါ်တဲ့ ရာဘာ ကုန်ကြမ်း ကနေ ထုတ်လုပ် ထားတာပါ။ ကျွန်တော်တို့ အသုံးပြုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လက်မှတ်ရ ရာဘာ ကုန်ကြမ်း တွေက အိန္ဒိယနဲ့ သီရိလင်္ကာမှာရှိတဲ့ သစ်တော စောင့်ရှောက်ရေး ကောင်စီရဲ့ အသိအမှတ်ပြု လက်မှတ်ရ သစ်တော စိုက်ခင်းတွေက ရယူထားတာပါ။ အလားတူပဲ ကျွန်တော်တို့ရဲ့ အားကစား ဘောလုံးတွေက Fair Trade အဆင့် သတ်မှတ်ရေး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းက အသိအမှတ်ပြု လက်မှတ်ရထားပြီး ဘောလုံး ချုပ်လုပ်တဲ့ လုပ်သား တွေ အတွက်လည်း မျှတတဲ့ လုပ်ခ ဈေးနှုန်းနဲ့ ကျန်းမာသန့်ရှင်းတဲ့ အလုပ်ခွင်ကို ဖန်တီး ပေးထားပါတယ်။ "Respect" ဆိုတာ ကျွန်တော်တို့ Fair Trade Sport ရဲ့ ဘောလုံးတွေနဲ့ ပတ်သက်ပြီး အဓိက brand နာမည် ဖြစ်ပါတယ်။ ဒီbrand နာမည်ကနေ အားကစားသမားတွေ အများစု ရင်းနှီး ကျွမ်းဝင်နေပြီးသား ဖြစ်တဲ့ လမ်းညွန်ချက် (၃) ခုကို ရောက်ရှိအောင် အယူအဆတွေကို ပေးနိုင်ဖို့ ရည်ညွန်း ထားပါတယ်။ ပထမအနေနဲ့ မိမိကိုယ်တိုင်နဲ့ အားကစားသမားတွေကို အလေး ထားရန်၊ ဒုတိယအနေနဲ့ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ပြိုင်ပွဲကို အလေးထားရန်နဲ့ တတိယအနေနဲ့ ဘောလုံးချုပ်လုပ်တဲ့ လုပ်သားတွေရဲ့ လက်တွေကို ကစားတဲ့အချိန်၊ လေ့ကျင့်တဲ့အချိန်နဲ့ ယှဉ်ပြိုင်တဲ့ အချိန်တွေမှာ အလေးထားစေဖို့ ရည်ရွယ် ပါတယ်။
|
Q: |
လူမှု့ဘ၀နဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ တာဝန်ယူမှုတွေ အပေါ်မှာ မြင့်မားတဲ့ အဆင့်အတန်း တစ်ခု ထိန်းသိမ်း ထားနိုင်ဖို့ ဆိုတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို ရင်ဆိုင်ခဲ့ရပါသလဲ?
|
Ans: |
ကုန်ကျစရိတ်တွေနဲ့ အခက်အခဲတွေကြောင့် ဘယ်သူမှ အခုလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားကစား ဘောလုံးတွေကို မထုတ်လုပ် နိုင်ခဲ့သေးပါဘူး ပြီးတော့ အပိုဆောင်း ကုန်ကျစရိတ်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဖော်ပြရမည့် အချက်တွေကြောင့် ဘယ်သူကမှ Fair Trade အားကစား ဘောလုံးတွေကို မထုတ်လုပ်နိုင်ခဲ့ဘူး။ နိုင်ငံတကာမှာ လုပ်ငန်းခွဲတွေ အများကြီး ဖွင့်ထားတဲ့ အားကစား လုပ်ငန်း ကုမ္ပကြီးတွေကလည်း သူတို့ရဲ့ အလုပ်သမားတွေကို မျှတတဲ့ လုပ်အား လစာပေးမယ့်အစား နာမည်ကြီး ထင်ရှားတဲ့ အားကစားသမားတွေရဲ့ ပြောရေးဆိုခွင့် ရှိသူကို ဒေါ်လာ သန်းနဲ့ချီ ပေးပြီး ကြော်ငြာတဲ့ဘက်ကို အားသန်နေတာကြောင့် ဒီဘက်ကို ခြေဦး မလှည့်သေးပါဘူး။ ကျွန်တော့်အနေနဲ့ Fair Trade Sport ကို အသုံးပြုပြီး အဲဒီကုမ္ပဏီတွေကို စံပြအဖြစ်နဲ့ သူတို့ရဲ့ ထုတ်လုပ်မှု လုပ်ငန်းတွေအပေါ်မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု လက်မှတ်ရနဲ့ Fair Trade လက်မှတ်ရ လုပ်ငန်းတွေ အဖြစ် ပြောင်းလလြာအောင် တွန်းအားပေးချင်တာပါ။ သူတို့အနေနဲ့ အခုလိုပြောင်းလဲဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ တိုက်တွန်းအားပေးမှုတစ်ခုနဲ့ တွန်းအားပေးမှု အတိုင်း လိုက်ပြီး လုပ်ဆောင်ဖို့သာ လိုတာပါ။
|
Q: |
ခင်ဗျားရဲ့ အခုလို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အလုပ်မတိုင်ခင်က ဘာအလုပ်များ လုပ်ခဲ့ပါသလဲ?
|
Ans: |
ကျွန်တော် ပြောတဲ့ အတိုင်းပါပဲ ကျွန်တော်က သူလိုကိုလို ကွန်ပျူတာ ပညာရှင်ပါပဲ။ ဒါကတော့ အသေးစိတ် ဖော်ပြချက် တစ်ခုတော့ မဟုတ်ပါဘူး။ အဲဒီ အဆင့်မြင့် နည်းပညာ ကမ္ဘာကို စွန့်လွှတ်ပြီး ဒီအစိမ်းရောင် လောကကို ရောက်လာ ခဲ့တာပါ။ ခင်ဗျား သိမလားတော့ မသိဘူး။ ကျွန်တော် နောက်ဆုံး လုပ်ခဲ့တဲ့ ကုမ္ပဏီက အမေရိကန် ဆီအယ်တယ် အခြေစိုက် ဆော့(ဖ်)၀ဲ ကုမ္ပဏီ သေးသေးလေးလေ။ သူ့နာမည်က မိုက်ခရိုဆော့(ဖ်) လို့ ခေါ်တယ်။
|
Q: |
ဒီ Fair Trade လောကကို မရောက်လာခင်က ခင်ဗျားအနေနဲ့ လုပ်ခဲ့ရတဲ့ အဆိုးဝါးဆုံး အလုပ်ကို ပြောပြပါလား?
|
Ans: |
အင်း . . . . .ဒီပုံပြင်ကတော့ ဘီယာလေး တမြမြနဲ့ ပြောရမယ့် ပုံပြင်ပဲဗျ။ အထူးသဖြင့်တော့ ဒေသခံ ဓါတုပစ္စည်း မသုံးထားတဲ့ ဘီယာပေါ့။
|
Q: |
ဒီလို အစိမ်းရောင် ကိုယ်ပိုင် စိးပွားရေးကို လုပ်ဖို့အတွက် ဘယ်အရာက ခင်ဗျားကို တွန်းအားပေးခဲ့တာပါလဲ?
|
Ans: |
ဒီဆုံးဖြတ်ချက်က တစ်ရက်တည်း ဆုံးဖြတ်လိုက်ရတာပါ။ ကျွန်တော့် ပထမဆုံး ကလေးက ကျွန်တော်ကို ဘာစားဝတ် နေရေးနဲ့ ထမင်းစားနေတာလဲလို့ မေးတုန်းကပေါ့။
|
Q: |
အခုလို အစိမ်းရောင် စီးပွားရေး လုပ်ငန်းပိုင်ရှင် တစ်ယောက်အနေနဲ့ ဂုဏ်အယူရဆုံး ကာလလေးတစ်ခုကို ပြောပြပါလား?
|
Ans: |
ကျွန်တော့်ရဲ့ ၅ နှစ်သားကလေးက သူ့သူငယ်ချင်းတွေကို ကိုယ်ပိုင်စကားနဲ့ Fair Trade ဘောလုံး ဘာလို့ အရေးကြီး တာလဲ ဆိုတာကို ရှင်းပြနေတုန်းက ဖြစ်ပါတယ်။
|
Q: |
သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေတဲ့ ထုတ်ကုန်ပစ္စည်း စွန့်ဦး တီထွင်သူတွေကို စတင်ထုတ်လုပ်သူတွေ အတွက် ဘယ်လို အကြံဥာဏ်တွေ ပေးချင်ပါသလဲ?
|
Ans: |
ကိုယ့်နယ်ပယ်ထဲမှာရှိတဲ့ အခြားသူတွေကို ဒီလို အကြံဥာဏ်တွေ ပေးနိုင်ဖို့ ဆိုတာ စောနေပါသေးတယ်။ အထူးသဖြင့် ဥရောပနဲ့ ပစိဖိတ်ဒေသ ၀န်းကျင်မှာရှိတဲ့ လူတွေကိုပေါ့။ သူတို့တွေမှာ ကျွန်တော်တို့ထက် ဈေးကွက်ကို ရောက်ရှိနိုင်မယ့် အကြံဥာဏ်ကောင်းတွေကို နှစ်တော်တော်စောစောအထိ ရရှိထားလို့ပါပဲ။
|
Q: |
ဒီအစိမ်းရောင် စီးပွားရေးနဲ့ ပတ်သတ်ပြီး နောက်ထပ် ဘာအဆင့်တွေ ခင်ဗျားထပ်ပြီး လုပ်ဆောင်နေပါသလဲ?
|
Ans: |
ဇီဝလောင်စာ စွမ်းအင်ထုတ်လုပ်မှု လောကမှာရှိတဲ့ ကျွန်တော့်ရဲ့ မိတ်ဆွေတွေကို အားကစားလုပ်ငန်းတွေမှာသုံးတဲ့ ဓါတုသားရေတွေကို ပိုပြီး ကောင်းမွန်တဲ့ အနေအထားရောက်ဖို့ အကြံဥာဏ်ကောင်းတွေ ဆွဲထုတ်ပေးနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေပါတယ်။ အဲဒီ သားရေက ဘောလုံးအပြင်ခွံတွေမှာ သုံးတာပါ။ အခုလက်ရှိ သုံးနေရတဲ့ အခွံတွေကတော့ ရေနံကနေ အခြေပြုပြီး ထုတ်လုပ်ထားတာပါ။
|
Q: |
ဒီအစိမ်းရောင် စီးပွားရေးနဲ့ ပတ်သတ်ပြီး မျှော်လင့်ထားဖို့ကောင်းတဲ့ လက္ခဏာရပ်တွေကို လတ်တလော အတွင်းခင်ဗျား ဘာတွေ တွေ့ထားပါသလဲ?
|
Ans: |
ဒါကတော့ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြား စက်သုံးဆီအပေါ် မှီခိုမှုကနေ လျှင်လျှင်မြန်မြန် စွန့်ခွာနိုင်ဖို့ ဖြစ်နိုင်ချေတွေပါပဲ။
|
Q: |
ဒီအလုပ်နဲ့ ပတ်သတ်ပြီး ရှေ့ဆက်သွားမယ့် လမ်းစဉ်မှာ ဘယ်အကြောင်းအရာက စိတ်လှုပ်ရှားမှုအများဆုံးဖြစ်စေတာလဲ?
|
Ans: |
ကျွန်တော်တို့ ထုတ်လုပ်သူတွေရဲ့ ဘ၀ကို တိုက်ရိုက် အကျိုးအမြတ် ဖြစ်စေပြီးတော့ ဘောလုံးချုပ်လုပ်တဲ့ လူတန်းစားရဲ့ ဘ၀ကိုလည်း အကျိုးအမြတ် ဖြစ်စေခြင်းပါပဲ။ ခင်ဗျားအနေနဲ့ သူတို့ရဲ့ ဘ၀ဇာတ်ကြောင်းတွေကို မြင်ကြည့် စေချင် ပါတယ်။
|
Q: |
ခင်ဗျားရဲ့ အထင်ရှားဆုံး လူသိများတဲ့ ထုတ်ကုန်ကဘာလဲ?
|
Ans: |
ကလေးကစားတဲ့ ဘောလုံးနဲ့ ဆိုဒ်ပြည့် လူကြီးကန်တဲ့ ဘောလုံးတွေပါပဲ။
|
Q: |
ခင်ဗျားဘ၀အတွက် မရှိမဖြစ် အစိမ်းရောင် ထုတ်ကုန်ကို ပြောပြပါဦး?
|
Ans: |
မေးစရာကို မလိုပါဘူး။ ကျွန်တော့်ရဲ့ မောင်နှမတွေ ထုတ်လုပ်တဲ့ Guayaki ထုတ်ကုန်ပစ္စည်း ပေါ့ဗျာ။
|
|
Back to Top
|